My illness
ဒီရက်ပိုင်း မန္တလေးမှာ တစ်ပတ်နီးပါးလောက် မိုးကောင်းနေလိုက်တာ လင်းလာလိုက် ရွာချလိုက်နဲ့ တိတ်တယ်လို့ကို မရှိဘူး။ မုန်တိုင်းရှိလို့လို့တော့ပြောကြတာဘဲ။ ကျွန်တော်လည်း လေး၊ငါးခါလောက မိုးကလည်းမိ၊ အစားမှားပြီး အိပ်ရေးပျက်တာကတစ်ကြောင်း ပြီးသွားတဲ့ စနေနေ့ကစပြီး ဖျားတော့တာဘဲ။ ဖျားကစကတော့ မဖျားရတာလည်းကြာပြီဖြစ်လို့ နားရတယ်ဆိုပြီး ပျော်ပေမဲ့ ဖျားရတဲ့အခါ စားရတဲ့ ဆန်ပြုတ်တွေကိုတော့ မသောက်ခြင်တဲ့အပြင် အနံတောင်မခံခြင်ဘူး။ ဒီလိုဗျ၊ ကျွန်တော် ကိုးတန်းကျောင်းသားလောက်က သုံး၊လေး ရက်လောက်ဖျားပြီး ဆေးခန်းသွား ဆေးထိုးရတယ်။ ဒါပေမဲ့ တော်တော်နဲ့ အဖျားကမကျတာနဲ့ ဓါတ်မှန်တွေရိုက်ကြည့်တော့မှ တီဗီရောပါ ရှိတာသိရတယ်။ အဲ့ဒီတော့ တီဗီဆေးတွေကို တစ်နှစ်နည်းပါလောက်သောက်ပြီး ထမင်းလည်း ၅လ၊ ၆လ လောက် မစားရဘူး။ အဲ့ဒီတုန်းကအခုလို Dots စနစ်တွေလည်း မပေါ်သေးတော့ တစ်ခါဆေးသောက်ရင် ၄၊၅ လုံးလောက်တစ်ခါတည်းသောက်ရတာ။ အဲ့ဒီတုန်းက ကျွန်တော်ကအတော်ပိန်တာ။ ၁၀ တန်းတုန်းကတောင် ဇီဝဗေဒသင်ပေးတဲ့ ဆရာမဒေါ်ယဉ်ယဉ်နွဲ့ကတောင် ကျွန်တော့ကို ခွေးပစ်တဲ့တုတ်လိုတောင် စပြီးခေါ်သေးတယ်။
အခုမှသာ အစားတွေတအားစားပြီး ၀ဖီးနေတာ။ ဒါပေမဲ့ အဲ့ဒီ တီဗီဖြစ်ဘူးတဲ့ လူဆိုတော့ ပင်ပန်းတာတွေများ၊ အိပ်ရေးပျက်တာတွေများ၊ အစားမှားပြီဆိုတာနဲ့ ဖျားတော့တာဘဲ။ အခုဖျားတာက ဖျားရုံတင်မကဘူး ၀မ်းပါလျှောတာ။ တစ်ရက်နှစ်ရက်လိုက် လုံးဝ ပုံမှန်မလာဘူး။ လူလည်းအားယုတ်လိုက်တာလွန်ရော။ ဒီနေ့တော့ တော်တော်သက်သာလို Blog လည်းမရေးဖြစ်တာနဲ့ရေးလိုကတာပါ။ ဒါပါဘဲ...။ ဘိုင်.......