Monday, May 07, 2007

My Mistake Days Album

ကျွန်တော်ကတော့ ကွန်ပျူတာနဲ့ ဘွဲ့ရပြီး အလုပ်မယ်မယ်ရရ မရှိဘဲ chatting လေးထိုင်လိုက်၊ အင်တာနက်လေးကိုင်လိုက် လုပ်နေတဲ့ ကောင်ပေါ့။ ကျွန်တော် ဒီ Blog ကို အသုံးပြုဖြစ်တာ မကြာသေးဘူး။
ကျွန်တော်အစကတော့ blog ထဲမှာ မန္တလေးကအဖြစ်အပျက်တွေရေးမလားလို့ စိတ်ကူးမိသေးတယ်။ ဒါပေမဲ့ ကျွန်တော်ကစာရေးရမှာဆို အရမ်းပြင်းတယ်။ ကျောင်းကစာမေးပွဲတွေမှာတောင် မြန်မာစာ စာမေးပွဲဖြေရင် စာစီစာကုံးကို ဆယ်ကြောင်းပြည့်အောင် မရေးဘူး။ ဒါပေမဲ့ အခုဒီ blog တွေမှာ သူများတွေရေးတာအားကျပြီး ကိုယ်လည်း ရေးကြည့်ခြင်တာတဲ့ ကိုယ်ထင်တဲ့အကြောင်း အဖြစ်အပျက်တွေကို စိတ်ကူးပေါက်ရာ ရှောက်ရေးလိုက်တာ။ အခုကျွန်တော်မိတ်ဆက်ပေးမဲ့ အကြောင်းကတော့ ကျွန်တော့ရဲ့ နေ့များစွာ အလွဲများ ဆိုတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်လမ်း ကတခြားဇာတ်လမ်းတွေနဲ့ မတူတာက ရှားရှားပါးပါး အထူးသရုပ်ဆောင် မင်းသားကကျွန်တော်တစ်ယောက်ထည်း အရုပ်ဆောင်ထားပြီး ဇာတ်ပို့ဇာတ်ရံများ များစွဲနဲ့ မြ၀တီဇာတ်လမ်းတွဲတွေလို အပိုင်းလိုက် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ကိုရီးယား သရုပ်ဆောင်တွေ မပါလို့ သိပ်စိတ်မ၀င်စားဖြစ်နေရင် ကျွန်တော့ကိုဘဲ ဂျွန်စောအဖြစ် မြင်ပြီး စိတ်ရှည်လက်ရှည် ဖတ်ရှူ့အားပေးစေခြင်ပါတယ်။ ကျွန်တော်ရဲ့ဇာတ်လမ်းက မြ၀တီလို ဘယ်ရက်လာမယ်ဆိုတာ အတိအကျမရှိဘဲ တက်နိုင်သမျှ ဖြစ်ပျက်သမျှကို အပိုင်းတိုတွေအဖြစ် ရက်စွဲလိုက် တင်ဆက်သွားပါမယ်။ အားလုံးသော သူငယ်ချင်းအပေါင်းတို့ ကျွန်တော့်ရဲ့ My Mistake Days Album ကို စိတ်အညစ်ခံပြီး အားပေးကြပါလို့ဘဲ မှာကြားလိုက်ပါရစေ.......။

2 comments:

Myo Kyaw Htun said...

ရေးသာရေးပါဗျာ။ စောင့်ဖတ်နေပါတယ်။ Mandalay Bloggers Feeds Network မှာလည်း ထည့်ထားပါတယ်။

ahmeisoekyi said...

ဒါဆို UCSM ကပေါ့နော်..တွေ့ရသာဝမ်းသာပါတယ်..
နောက်လဲ လည်လည်လာမယ်..:)