Saturday, April 28, 2007

`မီးမီး မသုံးတက်ရင်ဘေး ´

`နွေရာသီရောက်လာ မီးကိုကြောက်ကြပါ´ ဆိုတဲ့အတိုင်း နွေရာသီရောက်လာရင် မီးလောင်မှု မဖြစ်ပွားရေး အားလုံး အစဉ်သတိရှိဖို့ လိုတယ်ဗျာ..။ မီးလောင်လိုက်ပြီဆိုရင် ဆုံးရှုံးမှုတွေကလည်း မသေးဘူး။ မိသားစုတွေလည်း အိုးမဲ့အိမ်မဲ့ဖြစ်ရတယ်..။ ဒါတောင်လူတွေက သတိရှိရမယ်ဆိုတာမသိကြဘဲ ပေါ့ဆနေကြတုန်းဘဲ...။ ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် သူများတွေလည်းဒုက်ခ ရောက်ရမယ်ဆိုရင် မကောင်းဘူးပေါ့...။ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတဲ့ တရားတော်ထဲမှာလည်း `မီး´ ကို ရန်သူမျိုးငါးပါးထဲမှာ ထည့်သွင်းဟောကြားခဲ့တာဘဲ..။ `သုံးတက်ရင်ဆေး၊ မသုံးတက်ရင်ဘေး´ ဆိုသလို ကောင်းကောင်းမွန်မွန် သတိရှိရှိ အသုံးပြုတက်ရင်တော့ လူတွေအတွက် အဆင်ပြေပြီး အသုံးဝင်ပါတယ်။
ဒီနေ့ (၂၈.၄.၂၀၀၇) မနက် ၃ နာရီ လောက်က ၃၇ လမ်း၊ ၈၃ လမ်း နဲ့ ၈၄ လမ်းကြားမှာ မီးပေါ့ဆလို့ မီးလောင်မှု ဖြစ်ပွားခဲ့တယ်။ ဖြစ်ပုံကတော့ အဲဒီမီးလောင်တဲ့တိုက်က ၁၀ တန်းတွေကို ဘော်ဒါဆောင်ဖွင့်ထား တဲ့ အဆောက်အဦး ၃ ထပ်ဆောက်အဦးပေါ့။ ကျောင်းသားတွေ မနက်ထပြီး စာကျက်ဖို့ မီးမလာလို့ မီးစက်နှိုးဖို့ လုပ်ရာကလောင်တယ် ထင်တာဘဲ။ တစ်ချို့ကတော့ မီးဝါယာလျှော့ဖြစ်ပြီး လောင်တယ်ပြောကြတာဘဲ။ အဲ့ဒီအဆောက်အဦး အောက်ထပ်ကစပြီးတော့ လောင်တာဘဲ။ ကျောင်းသား၊ ကျောင်းသူတွေလည်း အောင်ဟစ်ပြီး အပေါ်ဆုံးထပ်ကို ပြေးတက်ပြီး အနီးအနားမှာရှိတဲ့ အဆောက်အဦးဆီ ကူးပြီးပြေးရတာပေါ့။
ဘော်ဒါဆောင်ဆိုတော့ ဂိုဒေါင်မှာရှိတဲ့ ဆီတွေ၊ ဒီဇယ်ဆီတွေ လောင်တာပေါ့။ အောက်ထပ်မှာရှိတဲ့ ကားနှစ်စီး နဲ့ ဆိုင်ကယ်ငါးစီး၊ ခြောက်စီးလောက် မီးကျွမ်းသွားတယ်..။ တာဝန်သိ ရပ်ကွပ်သူ၊ ရပ်ကွပ်သား ပြည်သူတွေက မီးသတ်စခန်းတွေစီကို ဖုန်းချက်ချင်း အကြောင်းကြားလို့ မီးသတ်ကားတွေ ချက်ခြင်းရောက်လာပြီး ငြိမ်းသတ်လိုက်လို့ ဘေးအိမ်တွေကို မကူးဘဲ ၄ နာရီလောက်မှာ မီးလုံးဝငြိမ်းသွားတယ်...။ မီးသတ်သမားတွေရဲ့ ပြောပြချက်အရ ညခင်း ၁ နာရီလောက်မှာလည်း စက်မှု့က စက်ရုံတစ်ရုံမှာလည်း မီးလောင်ကျွမ်းတယ်လို့ ပြောတယ်။ အဲ့ဒီနေ ည ၈ နာရီ ကျော်ကျော်လောက် ကလည်း လေပြင်းတိုက်လို့ မီးသတိထားကြဖို့ လိုက်လံ ကြေငြာထားတယ်ပြောတယ်။ အဲ့ဒါကြောင့် ဆုံးရှုံးမှုတွေ မဖြစ်ရအောင် မီးကို သတိထားပြီး အသုံးပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်....။




Thursday, April 26, 2007

သင်္ကြန်တွင်းမန်းတလေးမှာ စည်းကားပြီးပျော်စရာကောင်းပါတယ်။
လောကီဘ၀ထဲမှာ ပျော်စရာတွေကတော့ အပြည့်ပါဘဲ။ ဒါပေမဲ့တကယ့်ပျော်ရွှင်မှု့ကိုရော ရကြရဲ့လား မသိပါဘူး။
အပျော်တွေလွန်ပြီး ရန်ပွဲတွေ ဖြစ်ကြတာလည်း မနည်းပါဘူး။ ပျော်တာကတော့ပျော်ပေါ့ မိမိကိုယ်ကို ထန်းချုပ်ပြီး စည်းကမ်းရှိရှိ ပျော်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့လည်း အရက်တွေသောက် အဆော့လွန်၊ အစလွန်ပြီး ရန်ဖြစ်ရင်တော့ ပျော်တာကနေ ပျက်တာဖြစ်သွား တာပေါ့။ တကယ့်ပျော်ရွှင်မှုကို ရှာခြင်တယ်ဆိုရင်တော့ တရားအားထုတ်တာ အကောင်းဆုံးပေါ့။ လူတွေဟာ တစ်နှစ်ပတ်လုံး စီးပွားတွေရှာ၊ ကျောင်းသားတွေဆိုလည်း ကျောင်းတွေတက်ပြီး ပင်ပန်းခဲ့သမျှ သင်္ကြန်မှာ ပျော်ရွှင်မှုနဲ့ အပန်းဖြေကြတာသဘာဝပါဘဲ။ ဒါပေမဲ့ အဲ့ဒီ ပျော်ရွှင်မှုဟာ တစ်ခနတာပါဘဲ။ ကြာရင်ပျောက်သွားမှာဘဲ။
တရားအားထုတ်ခြင်း တစ်နည်းအားဖြင့် ၀ိပသနာအလုပ်ကို လုပ်ခြင်းဟာ ယခုဘ၀အတွက်သာမဟုတ်ဘူး....
နောက်လာမဲ့ ဘ၀အတွက်ပါကောင်းတဲ့ အလုပ်ဘဲဖြစ်တယ်...။ကျွန်တော်ကတော့ သင်္ကြန်မှာ လည်ဖို့လည်းအစီအစဉ်မရှိ လည်လည်းမလည်ခြင်တာနဲ့ ဘုန်းကြီးဝတ်ပြီး တရားစခန်းဝင်ပြီး
ဝိပသနာအလုပ် လုပ်လိုက်တယ်။ တရားပေါက်သွားတယ်လို့တော့ မထင်ပါတဲ့။ ဟဲဟဲ...ပြောရမယ်ဆို အမြည်းလောက်ဘဲ သိလိုက်တာပါ။ ဒါပေမဲ့ ဒီအလုပ်တွေကောင်းကြောင်းကို ခင်ဗျားတို့ကိုလည်းသိစေချင်လို ဖေါက်သည်ချလိုက်တ်ာပါ။ အားလုံး နှစ်သစ်အချိန်ကစပြီး ကောင်းသောပျော်ရွှင်မှုများနဲ့ ပျော်နိုင်ကြပါစေ။