Thursday, April 26, 2007

သင်္ကြန်တွင်းမန်းတလေးမှာ စည်းကားပြီးပျော်စရာကောင်းပါတယ်။
လောကီဘ၀ထဲမှာ ပျော်စရာတွေကတော့ အပြည့်ပါဘဲ။ ဒါပေမဲ့တကယ့်ပျော်ရွှင်မှု့ကိုရော ရကြရဲ့လား မသိပါဘူး။
အပျော်တွေလွန်ပြီး ရန်ပွဲတွေ ဖြစ်ကြတာလည်း မနည်းပါဘူး။ ပျော်တာကတော့ပျော်ပေါ့ မိမိကိုယ်ကို ထန်းချုပ်ပြီး စည်းကမ်းရှိရှိ ပျော်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့လည်း အရက်တွေသောက် အဆော့လွန်၊ အစလွန်ပြီး ရန်ဖြစ်ရင်တော့ ပျော်တာကနေ ပျက်တာဖြစ်သွား တာပေါ့။ တကယ့်ပျော်ရွှင်မှုကို ရှာခြင်တယ်ဆိုရင်တော့ တရားအားထုတ်တာ အကောင်းဆုံးပေါ့။ လူတွေဟာ တစ်နှစ်ပတ်လုံး စီးပွားတွေရှာ၊ ကျောင်းသားတွေဆိုလည်း ကျောင်းတွေတက်ပြီး ပင်ပန်းခဲ့သမျှ သင်္ကြန်မှာ ပျော်ရွှင်မှုနဲ့ အပန်းဖြေကြတာသဘာဝပါဘဲ။ ဒါပေမဲ့ အဲ့ဒီ ပျော်ရွှင်မှုဟာ တစ်ခနတာပါဘဲ။ ကြာရင်ပျောက်သွားမှာဘဲ။
တရားအားထုတ်ခြင်း တစ်နည်းအားဖြင့် ၀ိပသနာအလုပ်ကို လုပ်ခြင်းဟာ ယခုဘ၀အတွက်သာမဟုတ်ဘူး....
နောက်လာမဲ့ ဘ၀အတွက်ပါကောင်းတဲ့ အလုပ်ဘဲဖြစ်တယ်...။ကျွန်တော်ကတော့ သင်္ကြန်မှာ လည်ဖို့လည်းအစီအစဉ်မရှိ လည်လည်းမလည်ခြင်တာနဲ့ ဘုန်းကြီးဝတ်ပြီး တရားစခန်းဝင်ပြီး
ဝိပသနာအလုပ် လုပ်လိုက်တယ်။ တရားပေါက်သွားတယ်လို့တော့ မထင်ပါတဲ့။ ဟဲဟဲ...ပြောရမယ်ဆို အမြည်းလောက်ဘဲ သိလိုက်တာပါ။ ဒါပေမဲ့ ဒီအလုပ်တွေကောင်းကြောင်းကို ခင်ဗျားတို့ကိုလည်းသိစေချင်လို ဖေါက်သည်ချလိုက်တ်ာပါ။ အားလုံး နှစ်သစ်အချိန်ကစပြီး ကောင်းသောပျော်ရွှင်မှုများနဲ့ ပျော်နိုင်ကြပါစေ။

No comments: